Search This Blog

Total Pageviews

Monday, March 3, 2014

အမေရိကကို ပျားရည်ဆမ်းခရီးထွက်မယ့် ၀ိုင်းစု

အမေရိကကို ပျားရည်ဆမ်းခရီးထွက်မယ့် ၀ိုင်းစု

Photo
ရန်ကုန်၊ဖေဖော်ဝါရီ-၂၃
မင်္ဂလာဦးပျားရည်ဆမ်းခရီးကို လာမည့်မတ်လဆန်းတွင် အမေရိကသို့ သွားရောက်မည်ဖြစ်ကြောင်း ၀ိုင်းစုခိုင်သိန်းကပြောသည်။
“အရင်က ဟန်းနီးမွန်းခရီးအနေနဲ့ ဟောင်ကောင်ကိုသွားမလို့။ ခုမသွားဖြစ်တော့ဘူး။ US ကို သွားမယ်”ဟု ၎င်းကပြောသည်။
မင်္ဂလာဧည့်ခံပွဲတွင် ကူညီခဲ့သူများကို ဖေဖော်ဝါရီ ၁၈ ရက်က ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးခရီးပို့ဆောင်ပေးခဲ့ပြီး မတ် ၂ ရက်တွင်လည်း နှစ်ဖက်ဆွေမျိုးများ၊သူငယ်ချင်းများနှင့်အတူ ချောင်းသာသို့ နှစ်ရက်ခရီးသွားရောက်မည်ဖြစ်သည်ဟုဆိုသည်။
အဆိုပါခရီးမှပြန်ရောက်လျှင် ဟန်းနီးမွန်းခရီးအဖြစ် အမေရိကသို့သွားမည်ဖြစ်ပြီး အမေရိကမှတစ်ဆင့် ကိုရီးယားနိုင်ငံ၌ပြုလုပ်မည့် ဖျော်ဖြေပွဲသို့ ဆက်လက်သွားရောက်မည်ဟု ၀ိုင်းစုခိုင်သိန်းကပြောသည်။
ကိုရီးယားဖျော်ဖြေပွဲမှ ပြန်လည်ရောက်ရှိမှသာ ရိုက်ကူးလက်စဇာတ်ကားကို ရိုက်ကူးမည်ဖြစ်ပြီး ဂီတဘက်တွင် စုံတွဲအခွေအတွက် သီချင်းသွင်းနေကြောင်း ၎င်းကပြောသည်။
တတိယတစ်ကိုယ်တော်အခွေ “အာဘွား”ဗီစီဒီကိုလည်း ယခုနှစ်အတွင်း ထွက်ရှိနိုင်ရန် ရိုက်ကူးသွားမည်ဖြစ်ပြီး အိမ်ထောင်မပြုမီအချိန်ကတည်းက စီစဉ်ထားသည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အလုပ်အကြွေးများပြီးစီးချိန်၌ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ၀ိုင်းစုခိုင်သိန်းကပြောသည်။
“မင်္ဂလာဆောင်မတိုင်ခင်က တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ရှိတာကို မလုပ်ဖြစ်လိုက်တာ။ အားလုံးအေးဆေးဖြစ်သွားရင်တော့ လုပ်ဖြစ်မှာပါ။ ခုလောလောဆယ်တော့ အလုပ်ကြွေးတွေကျန်သေးတယ်။ ကျန်တဲ့အလုပ်ကြွေးတွေဖြတ်ပြီးမှပဲ လုပ်ဖြစ်မယ်”ဟု ၎င်းကပြောသည်။

No comments:

Post a Comment