Search This Blog

Total Pageviews

Wednesday, March 5, 2014

ဗြိတိန်သုတေသီများသည် လေထုထဲတွင်ပင် ပျံ့နှံ့နိုင်သော ကွန်ပျူတာဗိုင်းရပ်စ် တစ်မျိုးကို ဖန်တီးခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်သုတေသီများသည် လေထုထဲတွင်ပင် ပျံ့နှံ့နိုင်သော ကွန်ပျူတာဗိုင်းရပ်စ် တစ်မျိုးကို ဖန်တီးခဲ့ကြောင်း သိရှိရသည်။

လီဗာပူးတက္ကသိုလ်ရှိ သုတေသီများက Chemeleon အမည်ရှိ ဗိုင်းရပ်စ်သည် ရာသီဥတုအေးကာ လူဦးရေထူထပ်သော နေရာများတွင် ပိုမိုပျံ့ နှံ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဗိုင်းရပ်စ်သည် access point များမှတဆင့် ကွန်ယက်တစ်ခုမှ တစ်ခုသို့ ကူးစက်ပျံ့နှံ့ပြီး အိမ်နှင့် လုပ်ငန်း များသို့ အဆက်မပြတ် ပျံ့ နှံ့ ဝင်ရောက်နိုင်သည်။ အဆိုးဆုံး အခြေအနေအရ ၎င်းဗိုင်းရပ်စ်သည် ခြေရာခံမှုကို ရှောင်လွှဲနိုင်သလို password နှင့် encryption များဖြင့် မကာကွယ်ထားသော wireless access point များကို ရှာဖွေနိုင်သည်။ သုတေသနအဖွဲ့အနေဖြင့် စမ်းသပ်ခန်းတွင် London နှင့် Belfast မြို့များ တိုက်ခိုက်ခံရသည့် ပုံစံဖြင့် စမ်းသပ်ခဲ့ပြီး Chameleon ဗိုင်းရပ်စ်သည် လေထဲတွင်ပျံ့ နှံ့နိုင်ပြီး access point များမှတဆင့် Wi-Fi ကွန်ရက်များကို ဝင်ရောက်နိုင်ကြောင်း တွေ့ရသည်။

ထို့အပြင် ၎င်းသည် အင်တာနက်နှင့် ကွန်ပျူတာများပေါ်တွင် ဗိုင်းရပ်များ ရှာဖွေသည့် လက်ရှိ antivirus ပရိုဂရမ်များဖြင့် ရှာဖွေ၍မရပေ။ သို့သော်လည်း အဆိုပါ ဗိုင်းရပ်စ်သည် လုံခြုံစွာ ကာကွယ်ထားသည့် ကွန်ရက်များတွင် ဝင်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

No comments:

Post a Comment