Search This Blog

Total Pageviews

Monday, March 3, 2014

သီချင်းသစ်များပါသီဆိုမည့် အိုင်းရင်းခရော့စ်ဖျော်ဖြေပွဲ ကျင်းပမည်

သီချင်းသစ်များပါသီဆိုမည့် အိုင်းရင်းခရော့စ်ဖျော်ဖြေပွဲ ကျင်းပမည်

Photo
ရန်ကုန်၊ဖေဖော်ဝါရီ-၁
ဖျော်ဖြေပွဲများတွင် သီဆိုနေကျသီချင်းများအပြင် စီးရီးအသစ်များမှ သီချင်းများကိုပါ သီဆိုပေးမည့် အိုင်းရင်းခရော့စ်အဖွဲ့၏ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၉ ရက်တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ကြောင်း ပုဂံအင်တာတိန်းမန့်မှ ဈေးကွက်မန်နေဂျာကိုညီကပြောသည်။
ယင်းဖျော်ဖြေပွဲအမည်ကို Happy Pre Valentine Day ဟု အမည်ပေးထားပြီး ဧည့်သည်အဆိုရှင်များမပါဝင်ဘဲ အိုင်းရင်းခရော့စ်၏ ပင်တိုင်အဆိုရှင်များဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့က ဖျော်ဖြေပေးမည်ဖြစ်သည်။
ယင်းအဆိုတော်များ၏ စီးရီးခွေအသစ်များလည်း ထွက်ရှိရန်အဆင်သင့်ဖြစ်နေသောကြောင့် ဖျော်ဖြေပွဲတွင် အဆိုပါစီးရီးခွေအသစ်များမှ သီချင်းများကိုလည်း သီဆိုပေးမည်ဖြစ်ကြောင်း ကိုညီကပြောသည်။
လက်မှတ်များကို စီးတီးမတ်ဆိုင်ခွဲများ၊ မန်းသီရိတေးသံသွင်း၊ The Sun Music နှင့် ကိုကိုဗြူးတီးစလွန်းဆိုင်ခွဲများတွင် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ၀င်ကြေးခုနစ်ထောင် သတ်မှတ်ထားသည်။

No comments:

Post a Comment